Browse By

ရောမမြို့အ​ခြေစိုက်​ အမြဲတမ်းလူထုခုံရုံးမှ ဗိုလ်​ချုပ်​မှူးကြီးမင်း​အောင်​လှိုင်​အား ကချင်​လူမျိုးများ၊ ရိုဟင်​ဂျာများနှင့်​ အခြားအုပ်​စုများအ​ပေါ် ကျူးလွန်​ခဲ့​သော ရာဇဝတ်​မှု စွဲချက်​များအတွက်​ ခုခံကာကွယ်​ရန်​ ကိုယ်​စားလှယ်​​စေလွှတ်​​ပေးရန်​ ဖိတ်​​ခေါ်

ရောမမြို့အ​ခြေစိုက်​ အမြဲတမ်းလူထုခုံရုံးမှ ဗိုလ်​ချုပ်​မှူးကြီးမင်း​အောင်​လှိုင်​အား ကချင်​လူမျိုးများ၊ ရိုဟင်​ဂျာများနှင့်​ အခြားအုပ်​စုများအ​ပေါ် ကျူးလွန်​ခဲ့​သော ရာဇဝတ်​မှူ စွဲချက်​များအတွက်​ ခုခံကာကွယ်​ရန်​ ကိုယ်​စားလှယ်​​စေလွှတ်​​ပေးရန်​ ဖိတ်​​ခေါ်။

အမြဲတမ်းလူထု​၏ ခုံရုံး

တည်​​ထောင်​သူ………လယ်​လီယို ဘက်​ဆို

ဥက္ကဌ
ဖရန်​ကို အစ်​​ပေါ်လစ်​တို (အီတလီ)

အတွင်း​ရေးမှူး
ဂီယိုင်​နီ ​တော့ဂ်​နိုနီ (အီတလီ)

ဗိုလ်​ချုပ်​မှူးကြီးမင်း​အောင်​လှိုင်
ကာကွယ်​​ရေးဦးစီးချုပ်​၊
တပ်​မ​တော် (မြန်​မာ့လက်​နက်​ကိုင်​တပ်​ဖွဲ့)

တဆင့်​/-
အထူးအာဏာကုန်​လွှဲအပ်​ခြင်းခံရ​သော
သံအမတ်​ကြီး ဦးညွန့်​လှိုင်
Villa Myanmar
Viale Cortina D’Ampezzo.No.50
00135,​ ရောမမြို့၊ အီတလီ။

ရောမမြို့၊ သြဂုတ်​လ ၅ ရက်​၊ အီတလီ။

အ​ကြောင်းအရာ ။………..။ မြန်​မာပြည်​တွင်းရှိ ရိုဟင်​ဂျာများ၊ ကချင်​များ နှင့်​ အခြားအုပ်​စုများအ​ပေါ် နိုင်​ငံ​တော်​က ကျူးလွန်​သည့်​ရာဇဝတ်​မှုစွဲချက်​များအတွက်​ ကျင်းပ​သော ​နောက်​ဆုံးတရားခွင်​သို့ အသိ​ပေး ဖိတ်​ကြားချက်​။

လူကြီးမင်းခင်​ဗျား

၂၀၁၇ ခုနှစ်​၊ မတ်​လ ၆ ရက်​နှင့်​ ၇ ရက်​တို့တွင်​ လန်​ဒန်​၌ ကျင်းပခဲ့​သော “မြန်​မာပြည်​တွင်းရှိ ရိုဟင်​ဂျာများ၊ ကချင်​များ နှင့်​ အခြားအုပ်​စုများအ​ပေါ် နိုင်​ငံ​တော်​က ကျူးလွန်​သည့်​ရာဇဝတ်​မှုစွဲချက်​များ” အဖွင့်​တရားခွင်​၏ ​နောက်​ဆက်​တွဲအဖြစ်​ လာမည့်​ စက်​တင်​ဘာလ ၁၈-၂၂ ကွာလာလမ်​ပူမြို့တွင်​ အများပြည်​သူ​ရှေ့​မှောက်​ကြားနာမှုအခမ်းအနား​​​များ ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း အမြဲတမ်းလူထု၏ တရားရုံးမှ လူကြီးမင်းအား အချိန်​မီ အ​ကြောင်းကြားသိ​စေအပ်​သည်​။ ထိုအခမ်းအနားများတွင်​ တရားရုံးမှလက်​ခံကြားနာ​သော ​ခေါင်းစဉ်​များ၌ စစ်​​ဆေး​တွေ့ရှိချက်​များနှင့်​အတူ တဦးချင်း၏ သက်​​သေထွက်​ဆိုချက်​များ၊ ကျွမ်းကျင်​သူများ၏ အစီရင်​ခံစာများကို တင်​ပြသွားမည်​ဖြစ်​သည်​။

အမြဲတမ်းလူထု၏ခုံရုံးမှ သင်​ညွှန်းဆို​သော အချိန်​နှင့်​သတ်​မှတ်​ချက်​တို့အတိုင်း လုပ်​ရိုးရုပ်​စဉ်​တရားခံအခွင့်​အ​ရေးအရ ဖိတမကြားချက်​ကို ပြုလုပ်​ရန်​ အတည်​ပြုသည်​။ အပြည်​ပြည်​ဆိုင်​ရာ လမ်းညွှန်​​ကော်​မတီနှင့်​ အ​ထွေ​ထွေအတွင်း​ရေးမှူးအဖွဲ့မှ သ​ဘောတူခွင့်​ပြုချက်​ရသည်​နှင့်​တပြိုင်​နက်​ ပိုမို၍ အ​သေးစိတ်​​သော ​အစီအစဉ်​​ခေါင်းစဉ်​များနှင့်​ တရားခွင်​အချိန်​တို့ကို သင့်​ထံအ​ကြောင်းကြားမည်​။ အ​သေးစိတ်​အချက်​အလက်​များအတွက်​ ထိုအဖွဲ့များထံတွင်​ သင်​စုံစမ်းနိုင်​သည်​။

သင့်​​အ​ကြောင်းပြန်​ချက်​ကို ​မျှော်​လင့်​ပါသည်​။ သင်​၏ တက်​​ရောက်ရန်​ကိစ္စအ​ပေါ် အ​ပေါင်းလက္ခဏာ​ဆောင်​​သော တုန့်​ပြန်​မှုကို လက်​ခံရရှိမည်​ဟု ​မျှောင်​လင့်​ပါသည်​။ သင်​၏ အာရုံ​ပေးမှုအတွက်​ ​ကျေးဇူးတင်​ပါသည်​။

ဂီယိုင်​နီ ​တော့ဂ်​နိုနီ
အတွင်း​ရေးမှူးချုပ်​၊ အမြဲတမ်းလူထု၏တရားရုံး။
Secretary General of PPT
General Secretariat: VIA DELLA DOGANA VECCHIA 5 – 00186 ROME TEL:0039 0668801468 – FAX:0039 066877774
E-mail: [email protected]
Web: http://permanentpeoplestribunal.org

Leave a Reply

Your email address will not be published. Required fields are marked *